ဆံပင်ပါးခြင်းနှင့်ဆံပင်ကျွတ်ခြင်း
18-Aug-2017ဖျားပြီးတဲ့အခါ(ဥပမာ တိုက်ဖွိုက် ခေါ် အူရောင်ငန်းဖျား)၊စိတ်ဖိစီးမှုများသောကာလတစ်ခုကိုဖြတ်သန်းပြီးတဲ့အခါ(သို့)ဦးရေပြားပွေးပေါက်တဲ့အခါ(သို့)ကင်ဆာဆေးသွင်းရတဲ့အခါ ယာယီဆံပင်ကျွတ်တတ်ပါသည်။ဆံပင်ခဏခဏဆိုးခြင်း၊မကြာခဏဆံပင်အလှပြုပြင်ခြင်းနှင့်ဦးထုပ်မချွတ်တမ်းဆောင်းလျှင်အလားတူဆံပင်ကျွတ်ာခင်းပြသနာကိုရင်ဆိုင်ရလေ့ရှိပါသည်။ဆေးအချို့ကိုအထူးသဖြင့်ဆေးပြင်းများယာယီစွဲသောက်ရသည့်အခါ၊နာတာရှည်ရောဂါတစ်ရပ်ရပ်ခံစားရသည့်အခါနှင့်အမျိုးသမီးများမီးဖွားပြီးသည့်အခါမျိုးတွင်လည်းအခိုက်အတန့်အားဖြင့်ဆံပင်ကျွတ်လေ့ရှိပါသည်။ခေါင်းပြောင်သွားခြင်းမှာမူမျိုးရိုးလိုက်တတ်ပြီးထိုသို့မျိုးရိုးလိုက်ပါကအသက်နှစ်ဆယ်လောက်မှစတင်ကာငယ်ငယ်ရွယ်ရွယ်နှင့်ပင်ထိပ်ပြောင်သွားလေ့ရှိခြင်းမျိုးကြုံရတတ်ပါသည်.အမျိုးသမီးများထိုသို့မျိုးရိုးလိုက်လျှင်ထိပ်သာပြောင်ဆံပင်ပါးတတ်ပြီးတစ်ခေါင်းလုံးမပြောင်တတ်ပါ။
အောက်ပါအချက်များပေါ်ပေါက်လာပါကဆရာဝန်နှင့်ဦးစွာပြသသင့်ပါတယ်
(၁)ဆံပင်မြန်မြန်ကျွတ်လျှင် (သို့)တစ်ပတ်အတွင်းအကွက်လိုက်ဆံပင်ကျွတ်လျှင်။
(၂)ဆေး(သို့)ဝေဒနာတစ်ရပ်ရပ်ကြောင့်ဆံပင်ကျွတ်သည်ဟုယူဆလျှင်
(၃)ဆံပင်ကိုဆွဲဆွဲနေတတ်သောအကျင့်ရှိလျှှင်
မျိုးရိုးကြောင့်ဆံပင်ကျွတ်ပါကအနည်းငယ်မျှသာအကျိုးသက်ရောက်မှုရှိနိုင်သော်လည်းအချို့ကုထုံးများကမူအကျိုးဆက်ကောင်းများကိုဖြစ်ပေါ်စေနိုင်ပါတယ်။အခိုက်အတန့်ဆံပင်ကျွတ်လျှင်အောက်ဖော်ပြပါနည်းလမ်းများကြောင့်ဆံပင်ပါးခြင်းနှေးလာရုံသာမကဆံပင်ပြန်ပေါက်လာနိုင်ပါတယ်။
(၁)အာဟာရမရှိဘဲပသာဒသာရှိသောအစားအသောက်များကြောင့်လညး်ဆံပင်ကျွတ်စေနိုင်ပါတယ်။ဆံပင်မကျွတ်လိုပါကသင်စားသောအစားအသောက်များထဲတွင်ပရိုတင်းဓါတ်နှင့်သံဓါတ်ကြွယ်ဝပါစေ။
(၂)ပရိုတင်းသည်ဆံပင်အပါအဝင် တစ်ကိုယ်လုံးတွင် တစ်သျူးများပျက်စီးပါကပြန်ကောင်းစေရန်နှင့်ပြုပြင်တည်ဆောက်ပေးရန်အတွက်လိုအပ်သောဓါတ်တစ်မျိုးဖြစ်ပါသည်။သင်တစ်နေ့တာမှီဝဲသော ကယ်လိုရီ စုစုပေါင်း၏ခြောက်ပုံတစ်ပုံမှာ အသား၊ငါး၊ ဒိန်ခဲ၊မြေပဲ စသည်တို့ဖြစ်သင့်ပါသည်။သံဓါတ်ကလည်း ဆံပင်သန်စွမ်းမှုအတွက်အထောက်အကူဖြစ်စေပါသည်။ထို့ကြောင့်သံဓါတ်ကြွယ်ဝသော အစားအစာများဖြစ်သည့် ကောက်နှံ၊့ဲအမျိုးမျိုး၊အသားအမျိုးမျိုါ်၊ငါး၊အသားအမျိုးမျိုး၊အသည်း၊စိမ်းမှောင်သော ဟင်းသိးဟင်းရွက်စသည်တို့ကိုနေ့စဉ်မှီဝဲသင့်ပါသည်။
(၃)ဆံပင် ကောက်၊ဖြောင့်၊အရောင်ဆိုးရန်အတွက် ဓာတုဗေဒဆေးများပါသညါ့အလှကုန်များအသုံးပြုခြင်းမှရှောင်ကြဉ်ပါ။ယင်းကောက်ဆေး၊ဆိုးဆေး၊ဖြောင့်ဆေး များကြောင့်ဆံပင်ကျွပ်ဆတ်လာကာအရင်းနားကပြတ်ထွက်လာတတ်ပါတယ်။
(၄)ဦးရေပြားပေါ်ရှိဆံပင်ကိုဆွဲထောင်ထားသောဆံပင်ပုံစံမျိုုးမထားသင့်ပါ။လုပ်ငန်းသဘာဝအရကာကွယ်ရေးဦးထုပ်ဆောင်းရသည်မှအပကျန်ဦးထုပ်များကိုနေ့၊ည မချွတ်တမ်းဆောင်းမထားသင့်ပါ။
(၅)ခေါင်းလျှော်ပြီးပါက သဘာဝအတိုင်းတဘတ်ဖြင့်ပွတ်ပြီးဆံပင်ခြောက်သွေ့သွားပါစေ။အပူပေးလေမှုတ်စက်(Dryer)နှင့်မှုတ်ပြီးအခြောက်မခံပါနှင့်။ဆံပင်မခြောက်မီရေစိုဆံပင်ကိုဘီး၊၀က်မှင်ဘီး စသည်တို့ဖြင့်မဖီးသင်ရပါ။
(၆)ဆံပင်ပါးနေပါက ဘဲမြီးဆံတောက်(သို့)ခရူးကတ်(သို့)ရှေ့တစ်လက်မနောက်ပြောင် ဆံပင်ပုံစံထားပါ။ဆံပင်ထူသယောင်ပုံစံပေါက်စေပါတယ်။အချို့ကကတုံးရိတ်ခြင်း၊ဆံပင်ကိုတိုအောင်ညှပ်ပစ်ခြင်းစသည်တို့ဆောင်ရွက်တတ်ပါတယ်။
(၇)မျိုးရိုးလိုက်ပြီးခေါင်းစပြောင်ခါစကာလမျိုးတွင်ဆံပင်ဆက်မကျွတ်စေရန် ဆံပင်သန်ဆေးလိမ်းကိုဆရာဝန်နှင့်တိုင်ပင်သုံးစွဲနိုင်ပါတယ်။
Credit:Home Doctor(အိမ်သားသမားတော်) by Dr.Than Htut